Дорогие друзья ваши пожертвования пойдут на оплату сервера и соответственно на большее добавление фильмов в высоком качестве HD. Спасибо за вашу помощь!

watermark logo

Дорогие друзья ваши пожертвования пойдут на оплату сервера и соответственно на большее добавление фильмов в высоком качестве HD. Спасибо за вашу помощь!

A seguir

ရှမ်းမြောက် စစ်ရေး SSPP ဘာပြောလဲ - BBC News မြန်မာ

3 Visualizações· 18/07/24
WTube
WTube
4 Assinantes
4

"ကျွန်တော်တို့် စစ်ကောင်စီနဲ့ အပေးအယူ နားလည်မှုယူပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပို့ပေးတယ်၊ ကယ်ပေးတယ်ဆိုတာ ဒါက အခြေအမြစ်မရှိတဲ့ ကိစ္စတွေဖြစ်တယ်။ ကျွန်တော်တို့လုပ်တာမရှိဘူး"

“ကျောက်မဲအစွန်ဘက်မှာ စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့ တပ်စခန်းတွေရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ဝင်နေတယ်။ ဒါက ဗမာ(စစ်ကောင်စီကိုဆိုလို) တွေတက်နေခိုင်းတာမဟုတ်ဘူး။ ကျွန်တော်တို့နယ်မြေဒေသတွေမှာ အဲဒီစခန်းတွေ ဘယ်သူမဆိုပေါ့ လွတ်နေရင် ကျွန်တော်တို့ကဝင်ကြမှာပဲ။ ဗျူဟာကျတဲ့နေရာတွေလေ။ ဒါက စစ်ရေးစစ်ရာပဲ။ ဒါကို အမြတ်ထုတ်တယ်ဘာညာ အဲဒီလိုမျိုးပြောနေတာ။ မဟုတ်ဘူး"

‘ကျွန်တော်တို့စစ်ပွဲမှာ မပါချင်တာက ကျွန်တော်တို့မှာ ရပ်တည်ချက် တစ်ဖွဲ့နဲ့တစ်ဖွဲ့က မတူဘူးလေ။ ကျွန်တော်တို့ မဟာမိတ် ၇ ဖွဲ့ထဲမှာ Bilateral ပြည်ထောင်စုအဆင့်ပြည်နယ်အဆင့် လက်မှတ်ထိုးထားတာ မိုင်းလား(NDAA) ရယ် ၊ ပန်ဆန်း(UWSA) ရယ်၊ ကျွန်တော်တို့ SSPP ရယ်က ရပ်တည်ချက်က တူတယ်”
SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု

မဟာမိတ် TNLA နဲ့ကြား ဖြစ်ပွားနေတဲ့ ပွတ်တိုက်မှုတွေ၊ နှစ်ဖွဲ့ကြား ပဋိပက္ခကိုဖြေရှင်းပေးဖို့ ဝ တပ်ဖွဲ့ထံ တိုင်ကြားမှုကြောင့် ပန်ဆန်းမှာ SSPP နဲ့ TNLA တို့ကြား ဆွေးနွေးပွဲစတင်၊ ရှမ်းပြည်မြောက်ပိုင်းက မိုင်းရယ်မြို့ထဲ SSPP တပ်တွေ ဝင်ရောက်နေရာယူမှုအပါအဝင် ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးအခြေအနေတွေနဲ့ SSPP ရဲ့ ရပ်တည်ချက်နဲ့ စစ်ရေးမှာ ပါဝင်ပူးပေါင်းတိုက်ခိုက်ဖို့ရှိမရှိ၊ ဝ တပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆုကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း #SSPP #TNLA #ပြည်တွင်းစစ် #မြန်မာ

Mostre mais

Дорогие друзья ваши пожертвования пойдут на оплату сервера и соответственно на большее добавление фильмов в высоком качестве HD. Спасибо за вашу помощь!


 0 Comentários sort   Ordenar por


A seguir