watermark logo

পরবর্তী আসছে

ဒုတိယအချီမှာ သန့်ဇင်အလဲထိုးခံရပြီး ရှုံးနိမ့်- BBC News မြန်မာ

1 ভিউ· 29/09/24
WTube
WTube
4 সাবস্ক্রাইবার
4

ဒုတိယအချီမှာ သန့်ဇင်အလဲထိုးခံရပြီး ရှုံးနိမ့်

ONE Championship သိုင်းပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ Friday Fights 81 ပွဲစဥ် ဖလိုင်းဝိတ်တန်း ကစ်ဘောက်ဆင်ပွဲစဥ်အဖြစ် မြန်မာလူငယ်လေး သန့်ဇင်နဲ့ ဝါရင့်ဂျပန် ဖိုက်တာ တာကဲရု ဆေဂါဝါတို့ ထိုးသတ်ခဲ့ရာမှာ တာကဲရုက ဒုတိယအချီမှာပဲ သန့်ဇင်ကို တွဲလုံး ဒူးတိုက်ချက်တွေနဲ့ အလဲထိုးပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားပါတယ်။

ပထမအချီမှာတော့ သန့်ဇင်က တရစပ်တိုက်စစ်ဆင်ထိုးသတ်ပြီး တွဲလုံးတွေနဲ့ တာကဲရုကို ကြမ်းပြင်ပေါ်ရောက်အောင် ထိုးချနိုင်ပါတယ်။ ဒုတိယအချီမှာတော့ ဖွင့်ထိုးတဲ့ သန့်ဇင်ကို အတွေ့အကြုံသာတဲ့ တာကဲရုက သူ့ရဲ့ လျင်မြန်လှတဲ့ လက်သီးချက်တွေနဲ့ ဆက်တိုက်ထိုးပြီး အနီးကပ်ဒူးတိုက်ချက်တွေနဲ့ပါ ထိုးကန်ပြီး အလဲထိုးသွားခဲ့တာဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ONEChampionship #သန့်ဇင် #တာကဲရု #ကစ်ဘောက်ဆင် #မွေထိုင်း #လက်ဝှေ့

আরো দেখুন

 0 মন্তব্য sort   ক্রমানুসার


পরবর্তী আসছে